ကျောက်တန်း ဖေဖော်၀ါရီ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို သန်လျင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်အေးမြတ်မွန်နှင့်တာ၀န်ရှိသူများမှ ကျောက်တန်းမြို့နယ်အတွင်းရှိကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော တူးမြောင်း-အောင်ချမ်းသာနှင့် စိုက်ပျိုးရေးနှင့်အသက်မွေးမှုသင်တန်းကျောင်းအား ဆက်သွယ်ထားသောလမ်းကို မြေသားလမ်းခင်းခြင်းနှင့် ပုတ္တလုတ်-မရမ်းဘေးကျေးရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျောက်တန်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)၊ ဒေါ်ခင်သီတာဟန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် တင်ဒါအောင်မြင်သည့်မင်းချယ်ရီမြေကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်းသတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)