စစ်ကိုင်းမြို့၊ သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်အောင်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့၊ သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီး (၁၅)နှစ်ပြည့် နှစ်ပတ်လည်အောင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လေးကျွန်းမြေအုဌ်ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်သည်။

တွံတေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မီးဘေးအန္တရာယ်လုံခြုံစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄) နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေး တပ်ဆင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄) နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေး တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်း မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာ​ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ယနေ့နေ့လယ် (၁၂) နာရီအချိန်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့လျှပ်စစ်မှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှု ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်များ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းမြို့ လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းအကြောင်း ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၉) နာရီခွဲ အချိန်က အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲနှင့် အိမ်တွင်းဝင်ငွေတိုးလုပ်ငန်း အကြောင်း ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် (သင့်ကြောင့်မီးမလောင်ပါစေနှင့်) သတိပေးနှိုးဆော် မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ယနေ့ဖေဖော်ဝါရီလ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်မီးဘေးလုံခြုံရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က မီးဘေးလုံခြုံရေး သတိပေးဆိုင်းဘုတ်စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အောင်မြေသာစံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာ ရှင်းလင်းပွဲ ပြုလုပ်

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၃၁) ရှိ ဒေါ်ဖီဓမ္မာရုံ၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to