တံတားမြို့တွင် (၁၃)ကြိမ်မြောက် ဇာတိမြေမြတ်ကျေးဇူးဆပ်အထူးတရားပွဲကျင်းပ

တံတား ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အမှတ်(၁)ရပ်ကွက် သုံးလောကထွဋ်ခေါင်မာရ်အောင်ရတနာဘုရားကြီးတွင် လစဉ်အလှူရှင်များနှင့်  ဗုဒ္ဓအသံဓမ္မအောင်လံ  သာသနာ့အကျိုးဆောင်လူငယ်များအဖွဲ့ကဦးဆောင်၍  (၁၃)ကြိမ်မြောက်  ဇာတိမြေမြတ်ကျေးဇူးဆပ်အထူးတရားပွဲကို ယမန်နေ့ည(၇) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတရားပွဲကို လစဉ်အလှူရှင်များနှင့်  ဗုဒ္ဓအသံ ဓမ္မအောင်လံ သာသနာ့ အကျိုးဆောင်လူငယ်များအဖွဲ့က ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှစ၍ (၂၈)ရက်နေ့အထိ (၅)ညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဓမ္မမိတ်‌ဆွေသူတော်ကောင်းအပေါင်းတို့အား (၂၄)ရက်နေ့ညတွင် တံတားမြို့သံဃာ့နာယကဥက္ကဋ္ဌ အရှင်သုဘောဂသာရ (ဓမ္မဝေစည်ဆရာတော်)အေးစေတီကျောင်းတိုက် ဦးစီးပဓနနာယက ကလည်းကောင်း၊  (၂၅)ရက်နေ့ညတွင်  သစွာရွှေပြည် မဟာစည်သာသနာ့ရိပ်သာ  နာယကအရှင်ဇိနောရသ(မတ္တရာဆရာတော်) သာသနဓဇဓမ္မာစရိယဝိနိယဝိဒူကလည်းကောင်း၊ (၂၆)ရက်နေ့ညတွင် ဓမ္မစရိယ M.A (ကျမ်းပြု)၊  B.A (Korea) မနာပဒါယိ အရှင်ဝိစိတ္တ (ကိုရီးယားဆရာတော်) ဓမ္မကထိကဗဟုဇန ဟိတစရသာသနာတက္ကသီလဓမ္မာစရိယ B.A (Buddhism)ကလည်းကောင်း၊ (၂၇)ရက်နေ့ညတွင်    မဟာသဒ္ဒမ္မဇောတိကဒဇကမ္မဌာနာစတိရဝိနယဝိဒူ ဒေါက်တာအရှင်ဝဏ္ဏိဿရ(ရွှေမေတ္တာ‌ဆရာတော်)   မဟာစည်နာယကအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇကလည်းကောင်း၊  (၂၈)ရက်နေ့ညတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဒုတိယဥက္ကဋ္ဌ ဒေါက်တာအရှင်စန္ဒနသာရ(ကျောက်မဲဆရာတော်)(B.A, Philosophy)(M.A, Buddhism)(Ph.D)ကလည်းကောင်း နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားပြသပေးမည်ဖြစ်သည်။

ထိုတရားပွဲသို့ကြွရောက်လာကြသော ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အား  အလှူရှင်မိသားစုများက အာဟာရဒါနစတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)