ထန်းတပင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအားအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်သီရိမင်္ဂလာခန်းမတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပူတာအိုမြို့နယ် မူလာအွန်ကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး ခြင်းအားဖြင့် ပြည်သူများဝင်ငွေတိုးပွားလာစေရန် တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင် နည်းပညာများသင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများ အတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်သည့် မူလာအွန်ကျေးရွာချမ်းသာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ‌ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “တန်ဖိုးရှိလှ လူငယ်ဘဝ" စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။ 

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဒိုက်ဦးမြို့နယ် ရှမ်းကျွန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ(၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းကျွန်းကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ(၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဟားခါးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်းမောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်းမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးသက္ကသိုလ် ဘက်စုံသုံးခန်းမ၊ သုံးထပ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်ကျင်းပပြုလုပ်သည်။
Subscribe to