သနပ်ပင်မြို့နယ် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်း(မင်းရွာ)၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ်အသုံးပြုမည့်  အခြေခံပညာအထက်တန်းကျောင်း(မင်းရွာ)စာသင်ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မျိုးဆက်သစ်အဆိုပညာရှင်များ ပေါ်ထွက်လာစေရေး တပ်ကုန်းမြို့နယ်ဂီတအစည်းအရုံးမှ ဦးဆောင်ကျင်းပသည့်  သီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ပထမအကြိမ် သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲ ကျင်းပလျက်ရှိရာ သီချင်းဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

ပေါင်းတည်စည်ပင်သာယာရေး‌ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့် စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး သရုပ်ပြလေ့ကျင့်ခြင်းနှင့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြသည်။

သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သွားနှင့်ခံတွင်းဆရာဝန်သစ်လွင်များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရေစကြိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်ရှိ စိမ်းစားသရက်သီးများ နာမည်ကြီးကာစျေးကောင်းရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင်သာ အများအပြားထွက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ နှစ်စဉ်ဖေဖော်ဝါရီလခန့်မှ စတင်ကာထွက်ပေါ်လေ့ရှိသော ပန်းတောင်းစိမ်းစားသီးသည် ပြည်ဒေသတစ်ဝိုက်တွင်သာမက ၎င်းစိမ်းစားသီး ရောက်ရှိဘူးသည့် အရပ်ဒေသအတော်များများတွင် နာမည်ကြီး၍စျေးကောင်းရရှိကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

ရေဖြူ၌ ယခုနှစ်တွင် သီဟိုဠ်စေ့ စတင်ထွက်ရှိချိန်တစ်ပိဿာကို ငွေ ၈၅၀၀ ကျပ်အထိ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သီဟိုဠ်စေ့ စတင်ထွက်ချိန်ရာသီတွင် မနှစ်ကပေါက်ဈေးထက် ဈေးကောင်းပိုရရှိကြောင်း  သီဟိုဠ်သီးပင်စိုက်ပျိုး တောင်သူများထံမှ သိရသည်။

အိမ်မဲမြို့နယ်တွင် အသက် (၂) လမှ (၅၉)လအထိကလေးငယ်များအားပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် သင်တန်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း အသက် (၂) လမှ (၅၉) လအထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲပိုင်းက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး (နှလုံး) ရေးသားသည့် “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်ပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သြဝါဒခံယူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၃) နာရီက ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ဓမ္မဗိမာန်တန်ဆောင်းတော်ကြီးတွင်းကျင်းပခဲ့ရာ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ သြဝါဒဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to