ဟုမ္မလင်းမြို့တွင် ခရိုင်၊မြို့နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ဟုမ္မလင်းမြို့တွင် ခရိုင်၊ မြို့နယ်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာဥပဒေရေးရာလုပ်ငန်းကော်မတီ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာ‌သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ယနေ့နံနက်က ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဇင်းကျိုက်မြို့၌ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီ ဇင်းကျိုက်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆိုလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်း စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ (၆) ရက်မြောက်နေ့ (သိပ္ပံ) ဘာသာရပ်အား ယနေ့နံနက် (၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade 4 မှ Grade - 11 ထိ ကျောင်းသား/ကျောင်းသူများက ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ဂျုံသီးနှံစိုက်ဧက (၃၁၀၃၅)စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဂျုံစိုက်ပျိုးရာသီ၌ ဂျုံသီးနှံဧက(၃၁၀၅၇)စိုက်ပျိုးရန်လျာထားခဲ့ရာမှာ (၃၁၀၃၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ဂျုံစိုက်ဧက (၃၁၀၃၃) စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ကျွန်းလှမြို့နယ်၌ ပဲမျိုးစုံ ဧက ၁၈၀၀၀ ကျော်ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သော ပဲမျိုးစုံ ဧက ၁၈၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူများအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှု တတိယနေ့ သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကန့်ဘလူတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့်ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူမျာ် လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါ အထူးကုကွင်းဆင်းကုသပေးခြင်း တတိယနေ့စစ်ဆေး၊ ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြမှုများအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်းများ တတိယနေ့ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်း တတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးဝါးကုသမှုခံယူလျက်ရှိသော ပြည်သူ့စစ်လူနာများအား ထောက်ပံ့ငွေများပေးအပ်၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်ချက်အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to