မြိတ်မြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီခွဲက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ ပြု‌လုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးခဲ့သည့်နေကြာသီးနှံများ စတင်ရိတ်သိမ်းခဲ့ရာ နေကြာတင်းပေါင်း (၁၁၇၇၃၂)တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးခဲ့သည့် နေကြာသီးနှံ(၃၉၆၄)ဧက ရိတ်သိမ်းခဲ့ရာ နေကြာတင်းပေါင်း (၁၁၇၇၃၂)တင်းထွက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသတွင်းရှိ ပြည်သူများ သား/ငါးဝယ်ယူ စားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မ ဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးအတွက် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနှင့် ကုန်းဇောင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးများသို့ သွားရောက်၍ သားငါးဈေးသည်များ ရည်ညွှန်းသတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

‌စဉ့်ကိုင်မြို့နယ်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို စဉ့်ကိုင်မြို့နယ်၊ ကျွန်းဦးကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

လိပ်သိုမြို့တွင် ဒေသထွက် နနွင်းခြောက်များ ဈေးနှုန်းမြင့်တက် ရရှိလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ တောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တွဲဖက်၍ တောင်ယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြရာ မိမိတို့၏ တောင်ယာခင်းများတွင် နနွင်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွား ဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြပြီး နနွင်းများ တွင်ကျယ်စွာ တူးဖော်သိုလှောင်ရောင်းဝယ်ချိန် နနွင်းခြောက်များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်၊ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောifရွက်ပြီးစီးမှုအခြေအနေအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 မိတ္ထီလာမြို့နယ်တွင် စာရေးဆရာ ဒေါက်တာဇော်ရေးသားသော ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်း စာအုပ်မိတ်ဆက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာရေးဆရာ ဒေါက်တာဇော်ရေးသားသော ဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်း စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာရှိ အိမ်ခြေ (၅၄) အိမ်အား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာရှိ အိမ်ခြေ (၅၄) အိမ်အား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to