ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နိမိတ်အတွင်း ကျရောက်မှုမရှိစေရေး၊ သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေး မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အတွင်း ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့ ပေါ်ရှိ ရေနံထွက်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ‌ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဧက ၅၂၀၀ ကျော်စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ရာ နွေစပါးစိုက်တောင်သူများမှ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကသာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာရပ်ကို ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်က ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငပုဝောာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁,၇၈၈) ဦး ဖြေဆိုမည်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ စာစစ်ဌာန(၁၄)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၁,၇၈၈ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း ငပုတောမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါတိုက်ဖျတ်ရေး အထူးအစီအစဉ်ဖြင့် ကွင်းဆင်းလှုပ်ရှားမှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ငှက်ဖျားရောဂါတိုက်ဖျတ်ရေး အထူးအစီအစဉ်ဖြင့် ကွင်းဆင်းလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ်စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြိုနယ် ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ ကုလားပဲ၊ ဂျုံ အစရှိသော သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားကြသည့် ကြက်သွန်စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်ပျိုးလုပ်ကိုင်သူ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။

တာဝန်ရှိသူများက မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးလက်လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့နယ်များအတွင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်ရှိ ရန်အောင်ဈေးတွင် မြို့တော်စည်ပင်မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်ရှိ ရန်အောင်ဈေးတွင် ယနေ့နံနက် (၆) နာရီအချိန်မှစ၍ မြို့တော်စည်ပင်မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to