ပျဉ်းမနားမြို့ လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာသနပ်ခါးသဘင် ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးသဘင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၄၅၈)ဦး ဝင်ရောက်ဖြေဆိုမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ ထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၄၅၈)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

သံတောင်ကြီးဒေသရှိ လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်နေပြီး အသီးအထွက်နှုန်း ကောင်းမွန်စေရန် မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့် နှစ်ရှည်ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိက အားထားလုပ်ကိုင်အသက်မွေးကြရာ လိုင်ချီးပင်သည်လည်း ဒေသခံများ အားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည်။ ယခင်နှစ် လိုင်ချီးသီးများ အထွက်နှုန်းလျော့နည်းလျက်ရှိပြီး ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိရာ အသီးထွက်နှုန်းကောင်းမွန်ရေးကိုလည်း မျှော်လင့်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ရှုခင်းသာပန်းခြံဆောင်ရွက်ထားရှိမှု၊ အခြေခံပညာကျောင်းများတွင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များနှင့် ဘောလုံးကွင်းများဆောင်ရွက်နေမှု၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မော်တော်ယာဉ်ရပ်နားစခန်းဖွင့်လှစ်ရန် ပြုပြင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ဟိုင်းကြီးကျွန်းမြို့၊ သံကြိုးလမ်းကျေးရွာ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ သံကြိုးလမ်းကျေးရွာတွင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရွှေဘိုခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရွှေဘိုတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘိုခရိုင်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ရွှေဘိုခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်သည် ပန်းတနော်မြို့အတွင်း၌ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့သို့ရောက်ရှိကာ အလယ်ပိုင်းရပ်ကွက် မြတောင်စာသင်ကျောင်းတိုက် ဘဒ္ဒန္တ ဦးဝိမလနှင့် ဆရာတော် ဘဒ္ဒန္တဦးကုမာရအား ဖူးမျှော်ကြည်ညိုကာလှူဖွယ်၀တ္တုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။

မုဒုံမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား ကျင်းပ

မုဒုံမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား ကျင်းပ မုဒုံ ဖေဖော်ဝါရီ ၂၇ အောင်မျိုးသူ

တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်နေမှုအခြေအနေအား လိုက်လံကြည့်ရှုအားပေး

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ‌ပေးအပ်သော ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ၊ စာအုပ်လှူဒါန်းပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to