ရန်ကင်း ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြမှုများအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းက မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်၊ ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်း၊ မီးလောင်မှုအမျိုးအစားများ၊ မီးငြှိမ်းသတ်ခြင်းအမျိုးအစားများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများမီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အခြေအနေများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသူများအား မီးသတ်လုပ်ငန်းသုံးပစ္စည်းများခင်းကျင်းပြသထားမှုများနှင့် ရှေးဦးမီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြမှုများအား လေ့ကျင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ၀န်ထမ်းအင်အား စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှလှထွေး