ဟုမ္မလင်း ဖေဖော်ဝါရီ ၂၆
ဟုမ္မလင်းမြို့တွင် ခရိုင်၊ မြို့နယ်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာဥပဒေရေးရာလုပ်ငန်းကော်မတီ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဥပဒေအရာရှိ ဦးစောလင်းအောင်က ဥပဒေရေးရာနှင့်စပ်လျဥ်း၍ ချပြ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့ ရပ်ကွက်များအတွင်း၊ ကား/ဆိုင်ကယ်ပြုပြင်ရေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်/ကဖေးနှင့်အအေးဆိုင်၊ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်/ပိုင်ရှင်များ စုစုပေါင်း(၄၀)ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)