စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူများအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှု တတိယနေ့ သွားရောက်ကြည့်ရှုအားပေး

မုံရွာ ဖေဖော်ဝါရီ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကန့်ဘလူတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့်ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူမျာ် လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါ အထူးကုကွင်းဆင်းကုသပေးခြင်း တတိယနေ့စစ်ဆေး၊ ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လာရာက်ဆေးကုသမှုခံယူကြသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် စကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ နေ့လည်စာ ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့တော်ခန်းမအတွင်း မျက်စိလူနာ၊ သားဖွားမီးယပ်လူနာ၊ ကလေးလူနာနှင့် အထွေထွေရောဂါသက်ဆိုင်ရာရောဂါများ အလိုက် စာရင်းများပေးသွင်းနေမှုများနှင့် ရောဂါများအလိုက် စစ်ဆေး၊ စမ်းသပ်၊ ကုသပေး နေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိရာ ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ခွဲစိတ်ပြီးမျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားစကားများ ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ မျက်စိခွဲစိတ်ပြီး လူနာများအား နေကာမျက်မှန်များ၊ နေ့လည်စာ ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။

အဆိုပါကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ နေ့အထိ ၅ ရက်ကြာ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း၊ သားဖွားမီးယပ်၊ ကလေးနှင့် အထွေထွေရောဂါများအား အထူးကုကွင်းဆင်းကုသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မျက်စိစမ်းသပ်လူနာ ၇၀၅ ဦး၊ မျက်စိခွဲ စိတ်ကုသ ၇၈ ဦး၊  သားဖွားမီးယပ်လူနာ ၇၄ ဦး၊ ကလေးလူနာ ၅၇ ဦးနှင့် အထွေထွေရောဂါလူနာ ၁၇၁ ဦး စုစုပေါင်းလူနာ ၁၀၈၅ ဦးတို့အား စစ်ဆေး၊ စမ်းသပ်၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)