ကျွန်းလှမြို့နယ်၌ ပဲမျိုးစုံ ဧက ၁၈၀၀၀ ကျော်ရိတ်သိမ်းပြီးစီး

ကျွန်းလှ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သော ပဲမျိုးစုံ ဧက ၁၈၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းရေ၊ မြောင်းရေးနဲ့ မြေအောက်ရေတင်ပြီး စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ ဒီနှစ် ဆောင်းရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ၁၉၇၉၃ ဧက လျာထားပြီး ၂၁၉၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ၁၈၆၀၅ ဧက ရိတ်သိမ်းပြီး ကျန်ရှိတဲ့သီးနှံများ ဆက်လက် ရိတ်သိမ်းနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုအဖြစ် မတ်ပဲ ၁၁၇၂၇ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၄၁ ဧက၊ စားတော်ပဲ ၇၃၃၇ ဧက၊ စွန်တာပြာ ၂၁၃၂ ဧက၊ ပဲရာဇာ ၄၅၁ ဧက၊ စုစုပေါင်း ၂၁၉၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)