ညောင်လေးပင် ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်း စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ (၆) ရက်မြောက်နေ့ (သိပ္ပံ) ဘာသာရပ်အား ယနေ့နံနက် (၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade 4 မှ Grade - 11 ထိ ကျောင်းသား/ကျောင်းသူများက ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ/ကျောင်းသားများမှာ ပညာသင်ယူခဲ့ကြပြီး ယနေ့၌ အတန်းတင်စာမေးပွဲ (၆) ရက်မြောက်နေ့ (သိပ္ပံ) ဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)