ပေါင် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဇင်းကျိုက်မြို့၌ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီ ဇင်းကျိုက်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇင်းကျိုက်မြို့၊ မြို့အုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြား၍ ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက "မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ"ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း တင်ပြအပ်ပါသည်။
မွန်မလေး (ပြန်/ဆက်)