ကော့မှူးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ်တက်ဆင်းလိုက်လံအသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းလုပ်ငန်းကို ယ‌နေ့နံနက်က ဘုရားလမ်းရပ်ကွက်၌ တစ်အိမ်တစ်ဆင်းအသိပညာပေးခြင်းလုပ်ငန်းများ‌ ဆောင်ရွက်နေကြောင်း သိရသည်။

သဲကုန်းမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့မဈေး၌ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ဆောင်းနေကြာမျိုးမြှင့်တင်ခြင်း ဆောင်ရွက်

‌မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ချောင်းနက်အုပ်စု၊ ဝံကိုက်ကျေးရွာတောင်သူ ဦးဘို၀င်း၏ ဆောင်းနေကြာစိုက်ခင်းတွင် ယမန်နေ့နံနက်ပိုင်းက မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌  မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၄၈၁)ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါစာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၄၈၁)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဉ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား မီးကိုပေါ့ဆစွာအသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး ရည်ရွယ်ချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to