မိုးညှင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သမဝါယမအသင်းများ၏စိုက်ပျိုးထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ရွှေဘိုမြို့၌ Advance Excel သင်တန်းအမှတ်စဉ် ၁/၂၀၂၅ ဆင်းပွဲအခမ်းအနားကျင်းပ

 စစ်ကိုင်းတိုင်းဒေသကြီအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့်  Advance Excel သင်တန်း အမှတ်စဉ် ၁/၂၀၂၅ ဆင်းပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီက ​လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင်းကျေးရွာများမှ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ ခင်းကျင်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စိန်ဟိုင်းကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာအုပ်စုများတွင် လိုအပ်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ ခင်းကျင်းနိုင်ရန် ကျေးရွာကော်မတီများက သက်ဆိုင်ရာဌာနများအပေါ် တင်ပြတောင်းခံမှုများအား ခွင့်ပြုပေးနိုင်ရေးအတွက် ယနေ့ညနေ(၃)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရမည်းသင်းခရိုင်တွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး အသိပညာပေး Talk Show ကျင်းပ

ရမည်းသင်းခရိုင်တွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး အသိပညာပေး Talk Show ကျင်းပ ရမည်းသင်း ဖေဖော်ဝါရီ၂၆ ခရိုင်ပြန်/ဆက်

နဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း လဟယ်မြို့ပေါ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌နေခြည်ဖြိုးတို့ လိုက်ပါ၍ (၂၅-၂-၂၀၂၅)ရက်နေ့ ညနေပိုင်းက လဟယ်မြို့နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းအ၀င်လမ်းပေါ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ တာ၀န်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်း၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေနှစ်သောင်းကျပ်အား အဆင်ပြေလွယ်ကူစွာပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် တစ်ဦးလျှင်ငွေနှစ်သောင်းကျပ်အား အဆင်ပြေလွယ်ကူစွာ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to