ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာ‌သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

သထုံ        ဖေဖော်ဝါရီ        ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ယနေ့နံနက်က ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ပေါ်ဆန်းမွှေးဆန်တစ်ပြည် ၅၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ၇၇၄၄ ကျပ်နှင့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက်စသည့် အခြေခံစားသောက်ကုန်အမျိုးမျိုးတို့ကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် စနစ်တကျရောင်းချပေးရာ ကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါရောင်းချပေးခြင်းကို ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ နှစ်ပတ်လျှင် တစ်ကြိမ်ဆောင်ရွက်‌နေပြီး အလားတူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို သထုံမြို့နယ်အတွင်းရှိ စည်ပင်သာယာ‌ဈေးများ၊ ရပ်ကွက်/ကျေးရွာများ၌ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်