ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး (၇၇၉) ဧကစိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး (၇၇၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။