အောင်မြေသာစံမြို့နယ် အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောင်မြေသာစံမြို့နယ်နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် အမှတ် (၁၄)  အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့ အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်းတွင် စက်တင်ဘာ ၁၆ ရက်နေ့နံနက် (၁၀) နာရီက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဒီဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

တနင်္သာရီမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကစင်‌ကျေးရွာတွင် မဲဆန္ဒရှင််ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီ၌ ကစင်ကျေးရွာသဟပုညဓမ္မာရုံနှင့် သာသနာ့ဂုဏ်ရည်ချမ်းသာကြီး ဓမ္မာရုံတို့တွင် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့ စက်ကွင်းရပ်ကွက်မြို့ဝင်လမ်း Special Complete Education (SCE) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်စိတ်(၃)မှ ရဲအုပ် အောင်လှိုင်ထွန်းဦးစီး‌သော အဖွဲ့က လူကုန်ကူးမှုတားဆီးနှိမ်နင်း‌ရေး အသိပညာပေးကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ်၊ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် အခမ်းအနားကို “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့်တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” (From Science To Global  Action)ဆောင်ပုဒ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေနန်ယန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းဘဲတန်းရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ် ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်တိုးတက်ရေးအတွက် အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်ကျောက်တန်းမြို့နယ် ပြန် ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးစေရန်အတွက် အစည်းအဝေးကျင်းပခဲ့သည်။

သာယာဝတီမြို့၌ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း‌ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပ

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (Worid Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to