ရေကြည်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရှိ ကျားချောင်ကျေးရွာအုပ်စု (အ.မ.က) မူလွန်ကျောင်း၌ပြုလုပ်သည့် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ရေကြည်မြို့နယ် ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေမှုများကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိသည်။