ရှင်မတောင်ဒေသထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုရ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသထွက် သနပ်ခါးများနှင့် မြိုင်မြို့နယ်ထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုမိုရရှိစွာ ရောင်းချနေရကြောင်း ပုဂံမြို့ဟောင်း သဗ္ဗညုဘုရားကြီးတွင် ရောင်းချနေသည့် သနပ်ခါးပင်၊ သနပ်ခါးတုံး ရောင်းဝယ်ရေး ပွဲစားများထံက သိရသည်။

ရမည်းသင်းမြို့နယ်၌ယူရီးယားမြေဩဇာနှင့်သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စုပေါင်းကြဲပက်

ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၁၂)ရှိ တောင်သူ ဦးမောင်ဇော်၏ မိုးရာသီအောင်နိုင်တိုးစပါး(၅)ဧက၌ ယူရီးယား မြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စက်တင်ဘာ  ၁၇ ရက်နေ့ နံနက်တွင် စုပေါင်းကြဲပက်ပွဲကို ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီ(၁)ပိဿာ(၇၆၂၅)ကျပ်ဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက်အပတ်စဉ် စားအုန်းဆီများကို ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ၊ ရပ်ကွက်/ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။  

မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား သမကျေးလက်ဓာတ်မြေဩဇာအိတ်များ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သမကျေးလက်ဓာတ်မြေဩဇာအိတ်များကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းစံပယ်‌ဆောင်တွင် ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့က သဲတောအမှတ် (၃) ရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၂)ရပ်ကွက်၊ အကွက် (စ-၃) အ.လ.က(၁၃ ထခွဲ) ကျောင်းအတွင်းရှိ ချယ်ရီစူပါစိမ်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  စက်တင်ဘာ ၁၆ ရက်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ချောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေး​ဟော​ပြောပွဲ ကျင်းပ

မကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၂)​​ကျောင်း၌ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက်အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့်အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများနှတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာဘာ ၁၇ ရက်၊ နံနက် ၉ နာရီအချိန်က မြင်းကပါကျေးရွာသို့ သရုပ်ပြမဲပေးစက်ဖြင့် မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to