မိုင်းယောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားစေရေး ဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း ဧပြီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၉)ရပ်ကွက်၌ ယမန်နေ့ နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားစေရေး ဆွေးနွေးပွဲကျင်းပသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တက်ရောက်လာသူများက လူငယ်များ၏ ကာယ၊ ဉာဏမှအစ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်လာစေရေး၊ အန္တရာယ်ရှိသော ဒုစရိုက်နယ်ပယ်များဖြစ်သည့် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် လူမှုဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း