တိုက်ကြီးမြို့နယ်အတွင်းရှိ KTV ဆိုင်များနှင့် ယစ်မျိုးဆိုင်များ၌ မူးယစ်ဆေးဝါးရောင်းဝယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ KTV ဆိုင်များနှင့် ယစ်မျိုးဆိုင်များ၌ ယစ်မျိုးလိုင်စင်မဲ့ မူးယစ်စေတတ်သည့် အဖျော်ယမကာများ ရောင်းချခြင်း၊ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ကြီးကြပ်စစ်ဆေးခဲ့သည်။