ဗဟန်းမြို့နယ်တွင် ရွှေတိဂုံစေတီတော်မြတ်သို့  ရှစ်လအတွင်း ဧည့်သည် ၄.၆၅ သန်းကျော် လာရောက်ဘုရားဖူး

၂၀၂၅ခုနှစ်၏ ရှစ်လတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်သည်ပေါင်း ၄.၆၅ သန်းဝင်ရောက် ဘုရားဖူးခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဝင်ရောက်ခဲ့သည့် ဘုရားဖူးဧည့်သည်များအနက် နိုင်ငံခြားသားဧည့်သည်ဦးရေ ၅၀,၀၀၀ ကျော်ပါဝင်ပြီး၊  တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်ခဲ့ကြကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့နံနက် ၁၀ နာရီက ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျ ကိုင်တွယ်အသုံးပြုနည်း လက်တွေ့ပညာပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျကိုင်တွယ်အသုံးပြုခြင်းနည်းပညာများ လက်တွေ့ပညာပေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ဆောင်းနေကြာများ စတင်စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်များစတင် စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာရှိ တောင်သူ ဦးအားဆာ၏ ယာမြေတွင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် စိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတောင်သူများအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင်အသက် (၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသ

ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်များပြသခဲ့သည်။

မြောင်းမြမြို့တွင် အနာဂါတ်လူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးကြီးထွားစေရန် နွားနို့နှင့် ကြက်ဥများတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အနာဂါတ်လူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးကြီးထွားစေရန်အတွက် နွားနို့နှင့် ကြက်ဥများတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများ စိုက်ထူ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယာဉ်အန္တရာယ်ကင်းရှင်စေရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများ စိုက်ထူပေးလျက်ရှိကြောင်း သိရသည်။
Subscribe to