ရပ်စောက်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောက်ဖြန့်ဝေခြင်း ဆောင်ရွက်

ရပ်စောက် ဧပြီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်နှင့် ဝန်ထမ်းများက အပူရှိန်များပိုမိုမြင့်တက်လာမှုကြောင့် ပြည်သူများသတိပြုရမည့် အပူဒဏ်အန္တရာယ်များအကြောင်း အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများ၊ အပူဒဏ်ကြောင့်သတိလစ်ခြင်းလက္ခဏာများ ခံစား‌နေရသည့်လူနာအား အရေးပေါ်ရှေးဦးပြုစုနည်းစနစ်များ၊ အပူဒဏ်ကာကွယ်နိုင်‌ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အပူဒဏ်ကာကွယ်နိုင်ရေးရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ်အထူးသတိပြုရမည့်သူများပါဝင်သည့် အပူဒဏ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်