ညောင်ဦး ဧပြီ ၂၃
ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့်ဆရာ၊ ဆရာမများအား ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အာဟာရကျွေးမွေးခြင်းနှင့်သင်တန်းဆရာ၊ ဆရာမများ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကို ဧပြီ ၂၁ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊အသင်းဝင်များသည် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနနှင့်ပြည်သူ့စာကြည့်တိုက်နှင့် ကလေး စာဖတ်ခန်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီစစ်တုရင်သင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာသို့ သင်တန်းသားများအား အာဟာရကျွေးမွေးခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက နွေရာသီကျောင်းအားရက် ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သင်တန်းများ ဖွင့်လှစ်ရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး၊ ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ စစ်တုရင်သင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်ကြားခြင်းနှင့် ပန်းချီအခြေခံရေးဆွဲနည်းများတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း၊ သင်တန်းတွင်လိုအပ်သည့် အသုံးအဆောင်များပေးအပ်ခြင်းနှင့်သင်တန်းတွင် မေတ္တာဖြင့် သင်ကြားပေးသည့် ဆရာ၊ဆရာမများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့်ကလေးစာဖတ်ခန်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် သင်တန်းများအား နွေရာသီကျောင်းစတင်ပိတ်သည်မှစ၍ ကျောင်းပြန်ဖွင့်သည်အထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း