စလင်းမြို့နယ်တွင် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံပေးအပ်ခြင်း

စလင်း  ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၁၉.၄.၂၀၂၆ ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စည်းဆုံးရှုံးခဲ့သည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှနေအိမ်လိုင်ခန်းများ၊ လင်းဇင်းနယ်မြေရဲစခန်းမှ လိုင်းခန်းများ ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာ(၆)ရွာမှ၊ လေဘေးသင့်အိမ်ထောင်စု(၂၈၆)စု၊ လူဦးရေ(၇၈၇)ဦးတို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ဧပြီလ(၂၁)ရက်နေ့လည်(၃)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့နယ်အမှတ်(၂၅၃)တပ်ရင်း၊ အမှတ် ၂၅၄ တပ်ရင်း၊ အမှတ်(၂၅၅)တပ်ရင်းတပ်ဖွဲ့များအား တပ်ရင်းတစ်ခုလျင်(၁၀)သိန်းနှုန်းဖြင့်လည်းကောင်း၊ လင်းဇင်းနယ်မြေရဲစခန်းမအတွက် ငွေကျပ်သိန်း(၂၀)ကျပ်၊ မြို့နယ်အတွင်းရှိ ပြိုကြအိမ်ခြေ(၄၈)လုံးအတွက် တစ်လုံးလျင်ငွေကျပ် (၁)သိန်းနှုန်းဖြင့် ငွေကျပ်(၄၈)သိန်းကျပ်၊ အမိုးလန်အိမ်ခြေ(၂၃၈)အိမ်အတွက် တစ်အိမ်လျင်(၅၀၀၀၀)ကျပ်နှုန်းဖြင့် (၁၁၉)သိန်းကျပ်၊ လေဘေးသင့်ပြည်သူတစ်ဦးလျင်(၅၀၀၀)ကျပ်နှုန်းဖြင့် လူဦးရေ(၇၈၇)ဦးအတွက် (၃၉၃၅၀၀၀)ကျပ်၊ ဒဏ်ရရသူတစ်ဦးအတွက်(၅၀၀၀၀)ကျပ်၊ ပြိုကြအိမ်ထောင်စု(၄၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးလျင် ငွေကျပ်(၁၀၇၆၇၈၆)သိန်းကျပ်ဖြင့် (၄၈)ပုံးအတွက် (၅၁၆၈၅၄၄)သိန်းကျပ်နှင့် စုစုပေါင်းငွေကျပ် ၂၅၈ သိန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ စလင်းတပ်နယ်မှ ဒုဗိုလ်မှူးကြီးတင်မောင်ဦးမှ လေဘေးသင့်ပြည်သူများအား ဆန်အိတ်(၃၅)လုံး၊ တပ်ရင်း(၃)ရင်းအတွက် ကြက်သွန်နီအိတ်(၆)လုံး၊ ကြက်ဥ(၉၀၀)လုံး၊ ခေါက်ဆွဲခြောက်(၁၅)ဖာ၊ အလှူရှင်ဦးဥာဏ်မိုးလွင် မကွေးမြို့ ဆန်ဆီရောင်းဝယ်ရေးမှ လေဘေးသင့်ပြည်သူများအတွက် ကြက်သွန်နီ(၁၃)အိတ်၊ အာလူး(၆)အိတ်၊ ဆန်ကြာဇံ (၆)အိတ်၊ မြီးသန်သွယ်ငါးခြောက်(၆)အိတ်၊ ကြက်ဥ(၁၂၀၀)လုံး၊ ခေါက်ဆွဲခြောက်(၄)ဖာနှင့် ဆန်(၄)အိတ်ရေသန့်ကပ်(၇)ကပ်တို့အား လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)