ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင်မား‌ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြော၊ ဥာဏ်စမ်း၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်မားရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဉာဏ်စမ်း၊ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နောင်ယန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း သွေးလှူဒါန်းခြင်း အခမ်းအနားအား ယနေ့နံနက် (၉)နာရီက မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြောင်း Talk Show ကျင်းပ

ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြောင်း Talk Show ကျင်းပ ကြည့်မြင်တိုင် စက်တင်ဘာ ၁၆ မြို့(ပြန်/ဆက်)

ခရမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ခရမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် ခရမ်း စက်တင်ဘာ ၁၆ မြို့(ပြန်/ဆက်)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to