မိုင်းဆတ်မြို့၌ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား သောင်းသောင်းဖျဖျကြိုဆို

တြိဂံဒေသတိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုး ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာ (4Skills) အခြေခံသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အင်္ဂလိပ်စာ (4 Skills) အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် စက်ချုပ်နည်းပညာသင်တန်း(ပထမ) အကြိမ်ဖွင့်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း(ပထမ)အကြိမ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသအဆင့်နှင့် မြို့နယ်အဆင့် ဆိုင်ရာမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြ၊ သင်တန်းသား/သင်တန်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

မိုင်းရှူးမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

သန်လျင်ခရိုင်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား တိုင်းရင်းဆေးဖြင့်ကျန်းမာ‌ရေးစောင့်ရှောက်မှု လုပ်ငန်းများကို  ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်‌ပေးခဲ့သည်၊၊

အင်းစိန်မြို့နယ်၌ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေး

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်ရုံးမှ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဧပြီလ (၂၁) ရက်နေ့က အင်းစိန်မြို့နယ်ရှိ ရွှေပြည်သာ စက်မှုဇုန် (၄) မှ Heng An Luggage Industry Co.,Ltd အိတ်ချုပ်စက်ရုံနှင့် Kamra Manufacturing (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံတို့တွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့ ရေကြီးရေလျှံမှုလျော့ကျစေရေး အုန်းမှုတ်ကျွန်းနှင့် ရွာသစ်ကျွန်းကြား သောင်တူးဖော်ခြင်းလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်၊ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်မောင်လှိုင်တို့က ကရင်ပြည်နယ် ဘားအံမြို့ ရေကြီးရေလျှံမှုလျော့ကျစေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အုန်းမှုတ်ကျွန်းနှင့် ရွာသစ်ကျွန်းကြား သံလွင်မြစ် သောင်တူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့ညနေပိုင်းအချိန်က သံလွင်မြစ်အတွင်းမှ စက်လှေဖြင့် သွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကို အခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ရှေးဦးပြုစုနည်းသင်တန်းကို ဧပြီ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
Subscribe to