ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ရှေးအစဉ်အလာမပျက်ဧည့်သည်ခေါ် ဘုရားပွဲတော်များကို ဧပြီလ လဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက်ကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ဖြစ်သည့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပ ပြုလုပ်လျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ယမန်နေ့ ညနေပိုင်းက (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ကုလရက္ခိတယဥ်ကျေးလိမ္မာလူငယ် (၁၀)ရက်အထူးတရားစခန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်၊ ကံကြီးသာသနာ့ဗိမာန်ကျောင်း အစားကျွေးတရားပေး အမြဲတမ်းတရားရိပ်သာတွင် ယမန်နေ့ည (၈း၀၀)နာရီက (ဒုတိယအကြိမ်) ကုလရက္ခိတယဥ်ကျေးလိမ္မာလူငယ် (၁၀)ရက်အထူးတရားစခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့၌ နှစ်ဦးဓမ္မပူဇာသဘင်ပွဲ ဆင်ယင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ယက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းနှင့် ချောင်းသာမြို့ပရဟိတအဖွဲ့များမှ ကြီးမှုးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲ(ပထမည)ကို ယမန်နေ့ည ၈ နာရီက အမှတ်(၃)ရပ်ကွက်၊ ငြိမ်းချမ်းအောင်မြေကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆွမ်းဆန်တော်နှင့် အလှူငွေများလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး ဒေါ်မျိုးအေးချိုတို့သည် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဘုန်းကြီးကျောင်းတို့မှ ဆရာတော်များအား အရုံဆွမ်းနှင့် ဆွမ်းဆန်တော်များ၊ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယမန်နေ့ ၂၂ ရက်နေ့မှစတင်၍ ယနေ့အထိ လာရောက်ထုတ်ယူသူဦးရေ (၂၀၀) ကျော်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် ယနေ့နံနက် (၀၉း၀၀) နာရီ အချိန်က ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အခြေခံစာတတ်မြောက်‌ရေး စာဖတ်ဝိုင်းများ သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတတ်မြောက်‌စေရေး စာဖတ်ဝိုင်း စာသင်ဝိုင်းများ စာသင်ကြားနေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းပြီး အားပေးကြည့်ရှူစစ်ဆေးခြင်းကို ယနေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လျှပ်စစ်မီးမရသေးသော ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုးရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(Climate Change Centre - CCC)နှင့်ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများကို ဧပြီလ ၂၂ ရက်နေ့မှစ၍ မိုင်းကိုင်မြို့နယ်ခန်းမ၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ နွေစပါး၊ နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအစည်းအဝေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to