လိပ်သိုဒေသထွက် မရမ်းသီးခြောက်များ ဈေးကောင်းရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ မရမ်းသီးစိုက်ပျိုးသူတောင်သူများ မရမ်းသီးမှည့် ဝယ်လိုအားနည်းချိန်တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချရာ ဈေးကောင်းရလျက် ရှိနေကြောင်း သိရသည်။

စက်မှုနည်းပညာဘာသာရပ်များ သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့၊ပလစ ၂ အထက်တန်းကျောင်း၊စင်္ကြာမင်းခန်းမတွင် ယနေ့ ၊နံနက် ၉ နာရီအချိန်ကကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းသားမိဘများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပလစ-၂ ကျောင်း၌ဖွင့်လှစ်မည့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများ စက်မှုနည်းပညာဘာသာရပ်များ အတွက်သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓာတ်ပုံပညာရှင်များ၊ အမှတ် ပေးဓာတ်ပုံဒိုင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်း ခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြတ်စေတနာ (မြို့သစ်) ငွေစုငွေချေးသမဝါ ယမအသင်း လီမိတက်အသင်းသစ်ဖွဲ့စည်းခြင်း အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြတ်စေတနာ (မြို့သစ်) ငွေစုငွေချေးသမဝါယမအသင်း လီမိတက်အသင်းသစ်ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ် ရပ်ကွက်ရှိ ပြည်သူ့အငှားအိမ်ရာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့အငှားအိမ်ရာနေ မိသားစုဝင်များ တက်ရောက်ကြသည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ ဝန်ထမ်းများအား အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် ပြည်သူ့စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများကို သိရှိနားလည်တတ်မြောက်စေရန်ရန်ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄) ကို ယမန်နေ့ နေ့လယ်က အဆိုပါခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစား သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား၊ သူများနှင့် မိဘများ တက်ရောက်ကြသည်။

ကျိုက်မရောဒေသထွက် ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး ဝယ်လိုအား ကောင်းလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်အပေါ်ရွာရှိ ယိုးဒယားဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး စျေးကွက်ဝင် သီးနှံအဖြစ် ကုန်သည်များ အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအဖြစ် ယနေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to