အင်္ဂပူမြို့တွင် (တန်ခူးလပြည့်နေ့) ဝါပကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ သာမဏေများ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဝါပကာလ၌ ဆွမ်းဆန်များ အဆင်ပြေစေရေးအတွက် (တန်ခူးလပြည့်နေ့) ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီးတွင် (ဝါပကာလ) ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲ ပြုလုပ်ခဲ့သည်။