မိုင်းကိုင်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လျှပ်စစ်မီးမရသေးသော ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုးရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(Climate Change Centre - CCC)နှင့်ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများကို ဧပြီလ ၂၂ ရက်နေ့မှစ၍ မိုင်းကိုင်မြို့နယ်ခန်းမ၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ နွေစပါး၊ နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအစည်းအဝေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရေကြည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ခံစားခွင့်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်‌ပေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်ခံစားခွင့် လာရောက်ထုတ်ယူရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့သည်။

သံဖြူဇရပ်မြို၊ သန္တိသုခ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လူငယ်အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား လူငယ်များအား လူငယ်အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့၊ သန္တိသုခဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။

ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ လစဥ်ပုံမှန်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်ကစတင်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့‌နယ် မီးသတ်တပ်ဖွဲ့မှ ရွာပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာရှိ သောက်သုံးရေ အခက်အခဲဖြစ်သည့် ကျေးရွာပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ သွား‌ ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဘိုကလေးမြို့နယ်တွင် (၄၅)ဝါနှင့် အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ (၄၅)ဝါနှင့်အထက် ဆရာတော်ကြီးများအား (တတိယအကြိမ်) ပူဇော်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်၌ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ပြည်သူများ နေ့စဥ်စားသုံးလျက်ရှိသည့် စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ စားသောက်ကုန်များ ရောင်းချလျက်ရှိသည့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to