ဟိုင်းကြီးကျွန်း ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် ယနေ့နံနက် (၀၉း၀၀) နာရီ အချိန်က ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများသို့ သွားရောက်၍ စာသင်သားများ သင်ကြားနေမှုများ၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စာသင်သားများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် အခြေခံစာတတ်မြောက်ရေးအတွက် နည်းပြဆရာ (၆၂)ဦးမှ စာသင်ဝိုင်း(၆၂)ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိရာ စာသင်သား (၉၄၁)ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၈)ရက်နေ့မှ မေလ (၂၀)ရက်နေ့ထိ ရက်ပေါင်း (၄၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)