ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရေတာရှည် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယမန်နေ့ ၂၂ ရက်နေ့မှစတင်၍  ယနေ့အထိ လာရောက်ထုတ်ယူသူဦးရေ (၂၀၀) ကျော်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ရေတာရှည်မြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၂၈၀၀) ဦး ခန့်ရှိရာ ယနေ့တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (၂၀၀) ကျော်အား ဘဏ်လုပ်ငန်းရုံးချိန်အတွင်း ထုတ်ပေးသည်။ ထိုသို့ပင်စင်လစာ ထုတ်ယူရာတွင် လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရေးနှင့် လုပ်ငန်းတွင်ကျယ်မှုရှိစေရန် လစဉ်ပုံမှန် (၂၁) ရက်နေ့မှစတင်ပြီး နံနက်(၇)နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာ ရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာ​ထုတ်ယူမှုကို ရက်သတ္တပတ်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)