တောင်တွင်းကြီးမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်အရှင်သူမြတ်အား နိုင်ငံတော်အစိုးရကဆပ်ကပ်လှူဒါန်းသည့် “သဒ္ဓမ္မဇောတိကဓဇ”ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဂုဏ်ပြု အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၁)ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဦးစီးပဓာန နာယက၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂါစာရအရှင်သူမြတ်အား နိုင်ငံတော်အစိုးရက ဆပ်ကပ်လှူဒါန်းသည့် “သဒ္ဓမ္မဇောတိကဓဇ ”ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဂုဏ်ပြု ​ပူဇော်သည့် ဂုဏဝိသေဌ ပူဇာအခမ်းအနားအား ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့သည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ်(၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများ ထုတ်ပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ပင်စင်လစာငွေများကိုထုတ်ပေးလျက်ရှိသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် နွေရာသီအားလပ်ရက်၌ ကျောင်းသား/ကျောင်းသူများ ပြင်ပစာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေန် ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ် ၂၁ ရက်တွင် ထုတ်ပေးသော်လည်းယခုလတွင် သင်္ကြန်ပိတ်ရက်များဖြင့် တိုက်ဆိုင်သဖြင့် ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးရေးဘဏ်မှ သိရသည်။

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ်(၅)ရပ်ကွက် အုန်းတောမြောက်ဘုန်းကြီးကျောင်းအတွင်းရှိ သက္ကျမာရဇိန်စေတီတော်အား ဘက်စုံမွမ်းမံ ပြန်လည်ပြုပြင် ထီးတော်တင်လှူပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ်(၅)ရပ်ကွက် အုန်းတောမြောက်ဘုန်းကြီးကျောင်းအတွင်းရှိ သက္ကျမာရဇိန်စေတီတော်အား ဘက်စုံမွမ်းမံ ပြန်လည်ပြုပြင်ထီးတော်တင်လှူပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၉၃၄၀၀) ပင်ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနက ကျေးရွာသုံးစိုက်ခင်းများ၊ တစ်အုပ်တစ်မ စိုက်ခင်းများနှင့် ကျေးရွာတစ်ရွာလျှင် (၂) ဧကစိုက်ပျိုးနိုင်ရေး ပြည်သူကိုဗဟိုပြု၍ မိုးရာသီ သစ်မျိုးစုံ စိုက်ပျိုးနိုင်ရန်နှင့် မိုးရာသီစိုက်ပျိုးပွဲတော်တွင် ပြည်သူလူထု၊ ဌာနဆိုင်ရာ များနှင့် တပ်ရင်းတပ်ဖွဲ့များ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တော ဦးစီးဌာနမှ ပျိုးပင်များအား ပြုစုပျိုးထောင်းထားရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီက ပင်စင်လစာငွေများ စနစ်တကျ ပုံမှန်ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ဂန္ဓမာပန်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သီးနှံအပိုဝင်ငွေ ရရှိစေရန် တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြရာ အောင်မြင် ဖြစ်ထွန်းမှုရှိ၍ နေ့စဉ်ရောင်းချရပြီး ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to