ရွှေတောင်မြို့နယ်တွင် ကုလရက္ခိတယဥ်ကျေးလိမ္မာလူငယ် (၁၀)ရက်အထူးတရားစခန်း ဖွင့်လှစ်

ရွှေတောင် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်၊ ကံကြီးသာသနာ့ဗိမာန်ကျောင်း အစားကျွေးတရားပေး အမြဲတမ်းတရားရိပ်သာတွင် ယမန်နေ့ည (၈း၀၀)နာရီက (ဒုတိယအကြိမ်)  ကုလရက္ခိတယဥ်ကျေးလိမ္မာလူငယ် (၁၀)ရက်အထူးတရားစခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုလရက္ခိတယဥ်ကျေးလိမ္မာလူငယ် (၁၀)ရက်အထူးတရားစခန်းတွင် မျိးဆက်သစ် အနာဂတ် လူငယ်မောင်မယ်လေးများကို သြကာသကန့်တော့ချိုး၊ သရဏဂုံနှင့် သီလ၊ ဗုဒ္ဓဝင်၊ မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ်၊ လောကနီတိ၊ ပြည်သူ့နီတိကဏ္ဍစသည့် ဘာသာရေး အသိအလိမ္မာများကို စာတွေ့/လက်တွေ့ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ဒုတိယအကြိမ်)  ကုလရက္ခိတယဥ်ကျေးလိမ္မာလူငယ် (၁၀)ရက်အထူးတရားစခန်းသို့ လူငယ်မောင်မယ်စုစုပေါင်း (၉၅)ဦး တက်ရောက်ခဲ့ကြပြီး အစားအသောက်နှင့် နေရေးထိုင်ရေးများကို စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)