ကွန်ဟိန်းမြို့၌ Mobile Library စနစ် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နေ့လယ်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် “သေသော်မှတည့် ဪကောင်း၏” စာအုပ် ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

မန္တလေးမြို့ ဌာနဆိုင်ရာများသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာငှားခြင်းလုပ်ငန်းဆောင်ရွက်

အများပြည်သူစာပေဗဟုသုတရရှိစေရန်၊  ဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားစေရန်၊   မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချတတ်စေရန်၊ စာအုပ်စာစောင်များကို လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး စီမံကိန်းရုံးနှင့် ခရိုင်စီမံကိန်းရုံး၊ မြို့နယ်စီမံကိန်းရုံးနှင့် မြို့နယ်မီးသတ်စခန်းသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီကဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ချောက်မြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ယမန်နေ့မှစ၍ နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူရည်ချွန်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ကျောင်းသား/​ကျောင်းသူများအား healthy life style သင်ကြား​မှုများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွှတ်သောလူ‌နေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်းကျန်းမာရေးအသိပညာပေးသင်တန်း သင်ကြားပေးမှုကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိ‌‌တောက်ရွှေဝါရပ်ကွက်ရှိ အ.ထ.က(ခွဲ) အ.လ.က -၂ ကျောင်း သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ သည်။

တောင်တွင်းကြီးမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်အရှင်သူမြတ်အား နိုင်ငံတော်အစိုးရကဆပ်ကပ်လှူဒါန်းသည့် “သဒ္ဓမ္မဇောတိကဓဇ”ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဂုဏ်ပြု အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၁)ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဦးစီးပဓာန နာယက၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂါစာရအရှင်သူမြတ်အား နိုင်ငံတော်အစိုးရက ဆပ်ကပ်လှူဒါန်းသည့် “သဒ္ဓမ္မဇောတိကဓဇ ”ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဂုဏ်ပြု ​ပူဇော်သည့် ဂုဏဝိသေဌ ပူဇာအခမ်းအနားအား ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့သည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ်(၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to