မိုင်းယောင်း ဧပြီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး ဒေါ်မျိုးအေးချိုတို့သည် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဘုန်းကြီးကျောင်းတို့မှ ဆရာတော်များအား အရုံဆွမ်းနှင့် ဆွမ်းဆန်တော်များ၊ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် (၆) နာရီတွင် ဝမ်ဘိုးအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ဝမ်ဘိုးဘုန်းကြီးကျောင်းဆရာတော်အား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး နံနက် (၁၀) နာရီတွင် မုန်းလိုက်အုပ်စု၊ ဝမ်ဇလီလော်ကျေးရွာ၌ ဝမ်ဇလီလော်ဘုန်းကြီးကျောင်းဆရာတော်အား တန်ဖိုးကျပ် (၁) သိန်းရှိ ဆန် (၁) အိတ်ကိုလည်းကောင်း၊ နေ့လယ် (၁၂) နာရီတွင် မုန်းလိုက်အုပ်စု၊ မိုင်းဟန်ကျေးရွာ၌ မိုင်းဟန်ဘုန်းကြီးကျောင်းဆရာတော်အား တန်ဖိုးကျပ် (၂) သိန်းရှိ ဆန် (၂) အိတ်ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေ့လယ် (၂) နာရီတွင် ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာ၌ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော်အား နဝကမ္မအလှူငွေ ကျပ် (၅) သောင်း၊ နေ့လယ် ၃ နာရီတွင် အမှတ် (၂) ရပ်ကွက်၌ ကြောမ်ကျိုက်ဘုန်းကြီးကျောင်းဆရာတော်အား နဝကမ္မအလှူငွေ ကျပ် (၅) သောင်း၊ ညနေ (၄) နာရီတွင် အမှတ် (၄) ရပ်ကွက်၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံဘုန်းကြီးကျောင်းဆရာတော်အား နဝကမ္မအလှူငွေ ကျပ် (၅) သောင်း၊ ည (၇) နာရီတွင် မြို့မရပ်ကွက်၌ ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းယု) ကျောင်းဆရာတော်အား တန်ဖိုးကျပ် (၁) သိန်းရှိ ဆန် (၁) အိတ်ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး ဒေါ်မျိုးအေးချိုတို့သည် ည (၇) နာရီခွဲတွင် မြို့မရပ်ကွက်၌ နဂါးပတ်စေတီတော် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ရေစက်ချအလှူမင်္ဂလာပွဲအား တက်ရောက်လှူဒါန်းပြီး ည (၈) နာရီတွင် တာကြန့်အုပ်စု၊ ကော်ဆမ်မိန်းကျေးရွာ၌ ကော်ဆမ်မိန်းဘုန်းကြီးကျောင်းဆရာတော်အား တန်ဖိုးကျပ် (၁) သိန်းရှိ ဆန် (၁) အိတ်၊ ည (၉) နာရီတွင် ဝမ်ကောင်းအုပ်စု၊ ဝမ်တောင်းကျေးရွာအနီးရှိ ဓါတ်လုံစေတီတော်၌ ဝမ်ဖြိုဘုန်းကြီးကျောင်းဆရာတော်အား တန်ဖိုးကျပ် (၅) သောင်းရှိ ဆန် (၁) အိတ်နှင့် နဝကမ္မအလှူငွေ ကျပ် (၅) သောင်းကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်