အခြေခံစာတတ်မြောက်‌ရေး စာဖတ်ဝိုင်းများ သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး

ငရုတ်ကောင်း ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတတ်မြောက်‌စေရေး စာဖတ်ဝိုင်း စာသင်ဝိုင်းများ စာသင်ကြားနေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းပြီး အားပေးကြည့်ရှူစစ်ဆေးခြင်းကို ယနေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ငရုတ်ကောင်းမြို့တွင် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့်သူများ လူမှုဘဝ မြင့်မားစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ထုတ်ဝေသော အခြေခံမြန်မာစာဘာသာရပ်၊ အခြေခံသင်္ချာဘာသာရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်တွင်(၃)ဝိုင်း၊ ရေကျော်ကျေးရွာအုပ်စုတွင်(၂)ဝိုင်း၊ မိုးတိမ်ပြင် ကျေးရွာအုပ်စုတွင်(၃)ဝိုင်း၊ ပန်းမော်အုပ်စုတွင်(၁)ဝိုင်း၊ စပါးကြီးအုပ်စုတွင်(၁)ဝိုင်း၊ ကွင်းဘက်အုပ်စုတွင်(၁)ဝိုင်း စုစုပေါင်းစာသင်ဝိုင်း(၁၁)ဝိုင်း သင်တန်းကြီးကြပ် ဆရာ၊ ဆရာမ(၁၃)ဦး၊ စာသင်သားဦးရေ(၁၆၈)ဦး တို့ဖြင့် သင်တန်းကာလကို ဧပြီလ(၈)ရက်မှ မေလ (၁၉) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)