ချောင်းသာ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ယက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းနှင့် ချောင်းသာမြို့ပရဟိတအဖွဲ့များမှ ကြီးမှုးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲ(ပထမည)ကို ယမန်နေ့ည ၈ နာရီက အမှတ်(၃)ရပ်ကွက်၊ ငြိမ်းချမ်းအောင်မြေကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဓမ္မပူဇာသဘင်တရားပွဲတွင် ဆရာတော်အရှင်ဝိမလ (သာသနဓဇဓမ္မာစရိယ)၊ ဓမ္မပါလပရဟိတအသင်း၏ ဦးဆောင်နာယကဆရာတော်က တရားဒေသနာများကို ဟောဖော်ညွှန်ပြခဲ့ပြီး ဒုတိယမြောက်ညတွင် ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာ (M.A.Ph.D (India)၊ သာသနဓဇဓမ္မာစရိယ၊ ဘီအိုစီ)၊ တတိယမြောက်ညတွင် ဆရာတော်အရှင်ပညာနန္ဒ (B.A)Buddhism(SIBA.Myanmar)၊ သာသနဓဇဓမ္မာစရိယ၊ စတုတ္ထမြောက်ညတွင် ဆရာတော်အရှင် ကောဝိဒ(သဒ္ဓမ္မဇောတိက၊ သာသနဓဇ ဓမ္မာစရိယ)၊ ပဉ္စမမြောက်ညတွင် ဆရာတော်အရှင်ဝိဇယ (တိုင်းသံဃာနာယကဥက္ကဋ္ဌ၊ ဧရာဝတီတိုင်း ဒေသကြီး)စသည့် သံဃာတော်အရှင်သူမြတ်တို့မှ တရားဓမ္မများအား ညစဉ်ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဓမ္မပူဇာသဘင်ပွဲတော်ကို ၁၃၈၆ ခု တန်ခူးလဆန်း ၁၄ ရက် (၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၂ ရက်နေ့) မှ ၁၃၈၆ ခု တန်ခူးလဆုတ် ၃ ရက်နေ့ (၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၆ ရက်နေ့) အထိ ငါးညတိုင်တိုင် ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)