ကျွန်းလှမြို့နယ်၌ နွေစပါးစိုက်ခင်းအတွင်း မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းထိုး တမန်းနှိုးကိရိယာဖြင့် ကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစု‌ကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ နွေးစပါးစိုက်ခင်းတွင် ယနေ့နံနက် ၇ နာရီက မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းထိုး တမန်းနှိုးကိရိယာဖြင့် ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို) ကျောင်းခန်းမ၌  စားသောက်ကုန်ပစ္စည်း ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ယမန်နေ့ညနေ(၄)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)ခန်းမ၌အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)၊အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို)တို့တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး စားသောက် ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။

မုဒုံမြို့နယ်တွင် မွေးစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ်၊ မုဒုံမြို့၌ မွေးစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မ (၂) ရပ်ကွက်ရှိ လောကရာဇိန်ဓမ္မာရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့၌ ဆောင်ရွက်သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူ

၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် မြေမီးသတ်စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာစိုက်ထူးခြင်းကို ဆောင်ရွက်သည်။

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးအား(၂၄)နာရီလျှပ်စစ်မီး ပူဇော်နိုင်ရေး ဆိုလာစနစ် ပြောင်းလဲသုံးစွဲ

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးကို မြန်မာသက္ကရာဇ်(၉၉၈)ခုနှစ်တွင် သာလွန်မင်းတရားကြီး သီရိသုဓမ္မာရာဇာပဝရအဓိပတိမှ မြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်၊ ဆံတော်၊ သပိတ်တော်နှင့် ရုပ်ပွားတော်များ ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားကြီး၏ ထီးတော်အလေးချိန်(၃၄၄၀)ပိဿာ၊ ထီးတော်၏ဉာဏ်တော်အမြင့်(၂၆)ပေ၊ စေတီတော်၏ဉာဏ်တော်အမြင့်(၁၈၈)ပေ၊ စေတီတော်၏ အောက်ခြေလုံးပတ်တော်(၈၈၀)ပေ၊ (၅)လက်မရှိကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။

ကျောင်းကုန်းမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား (၂၀၂၄)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ "ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အခမ်းအနား(၂၀၂၄)ကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဧကာဒမတန်း၊လူရည်ချွန်စခန်း( ငွေဆောင်)၌ စခန်းပိတ်သိမ်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်၌ ဖွင့်လှစ်ထားသော ၂၀၂၄ခု နှစ်၊ ဧကာဒသမတန်း၊ လူရည်ချွန်စခန်း(ငွေဆောင်)ပိတ်သိမ်းပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ယမုံနာဦး ဟိုတယ်ရှေ့ကမ်းခြေ၌ ကျင်းပခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ​ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အပူရှောင် စခန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပသည်။

ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ အင်းလေးဒေသလေ့လာရေးခရီးစဉ်အပေါ် ရင်တွင်း စကားသံများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် အင်းလေးဒေသအတွင်းရှိ အင်းလေးကန်၊ ဟဲယာရွာမကျေးရွာရှိ ငွေထည်လုပ်ငန်း၊ အင်းလေးဖောင် တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရားတို့ကို ဧပြီ ၃၀ ရက်က ဖူးမြော်ကြည်ညိုလေ့လာခဲ့ကြသည်။ အင်းလေးဒေသရှိ သဘာဝအလှတရားများ၊ ဓလေ့ထုံးတမ်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ပုံ များနှင့် ရိုးရာလက်မှုလုပ်ငန်းများကို လာရောက်လေ့လာခဲ့သည့် လေ့လာရေးခရီးစဉ်အပေါ် ရင်တွင်း စကားသံများကို ဤသို့ကြားသိခဲ့ရပါသည်-

သီပေါမြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် မိုးရာသီကာလ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးမည့်သစ်ပင်များနှင့် နှစ်ရှည်ပင်များ (၅၄,၇၀၀)ပင်ပျိုးထောင်ထားရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များနှင့်နှစ်ရှည်ပင်များပိုမိုစိုက်ပျိုးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက် နိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီကာလတွင်စိုက်ပျိုးနိုင် ရန်အတွက် မြို့မပျိုးဥယျာဉ်နှင့် ဇာတ်စုရပ်ကွက် ပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း (၅၄၇၀၀) ပင်ပျိုးထောင်ထားကြောင်း သိရသည်။
Subscribe to