ပခုက္ကူမြို့၌ အပူရှောင်စခန်းစတင်တည်ဆောက်မှုလုပ်ငန်း (၅၀) ရာခိုင်နှုန်းကျော်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား အပူဒဏ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေးအတွက် အမှတ် (၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ဘုန်းတော်ကြီးကျောင်းဝန်း၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး အပူရှောင်စခန်း တည်ဆောက်လျက်ရှိရာ ယခုအခါ (၅၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ မြို့မဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာနေရာဒေသများသို့  ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

မေလ ၅ ရက်နေ့၌ ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက ဆိုင်းဘုတ်တင်ခြင်းနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို မေ ၁ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်း-မြန်မာလူငယ် ရွက်လှေသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးစေရန် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်းမြန်မာလူငယ် ရွက်လှေသင်တန်းသင်တန်းဆင်း ပိတ်ပွဲအခမ်းအနားကို ယ‌‌မန်နေ့နံနက်(၉)နာရီခွဲက ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ဘုရင့်နောင်ကုန်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ရနောင်း-ကော့သောင်းနှစ်ခရိုင်မှ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရွက်လွှင့်နည်းပညာသင်တန်းသား/သူများနှင့် အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်

အလုပ်သမားနေ့သည် လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသည့်နေ့ဖြစ်ကြောင်း၊ အလုပ်သမားနေ့ကို အလုပ်သမားများသာမက အလုပ်ရှင်များကပါတန်ဖိုးထားကြရမှာဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အသိပညာပေးTalk Show ဆွေးနွေးပွဲကို လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်  ၁၀ နာရီကပြုလုပ်ခဲ့သည်။

မြင်းခြံမြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်‌ရေးပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လင့်ကြီးကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ဧပြီလ(၃၀)ရက်နေ့နံနက် (၁၁) နာရီအချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

စေတီဘုရားများတွင် ဘုရားသမိုင်းနှင့်ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲ မန္တလေးမြို့တွင် ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီဘုရားများတွင် ဘုရားသမိုင်းနှင့်ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

မင်းဘူးမြို့၌ သက်ကြီးရွယ်အို အဘိုးအဘွားများအတွက် အပူရှောင်စခန်းဖွင့်လှစ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သက်ကြီးရွယ်အို အဘိုးအဘွားများအား အပူဒဏ်မှကင်းဝေးပြီး၊ သက်တောင့်သက်သာဖြင့် အေးချမ်းစွာ အနားယူနိုင်ရန်အတွက် မင်းဘူးမြို့ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီက အပူရှောင်စခန်း ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်ဆည်မြို့တွင် သစ်တောသစ်ပင်များနှင့်ကာဗွန်သိုလှောင်မှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့တွင် သစ်တောသစ်ပင်များနှင့်ကာဗွန်သိုလှောင်မှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ကျောက်ဆည် မေ ၂ အောင်ပိုင်ပိုင်ကျော်
Subscribe to