ကျွန်းလှ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ နွေးစပါးစိုက်ခင်းတွင် ယနေ့နံနက် ၇ နာရီက မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းထိုး တမန်းနှိုးကိရိယာဖြင့် ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။
ကွင်းရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်အသုံးပြုနည်းနှင့် နွေစပါးစိုက်ခင်းများအတွင်း ပေါင်းထိုး တမန်းနှိုးဆောင်ရွက်ခြင်းဖြင့် လေဝင်လေထွက် ကောင်းမွန်ခြင်း၊ အမြစ်ဖွံ့ဖြိုးမှု ပိုမိုအားကောင်းခြင်း၊ ပေါင်းသတ်ဆေးအသုံးပြုခြင်းနှင့် လက်ပေါင်းလိုက်သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက်တောင်သူအား ယူရီးယား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးပြီး စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ပေါင်းထိုး တမန်းနှိုးကိရိယာဖြင့် လက်တွေ့ပြသကြသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေရာသီ၌ နွေစပါးစိုက်ပျိုးရန် (၁၆၆) ဧကလျာထားသော်လည်း လက်ရှိအချိန်အထိ ဧက (၃၃၄) စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ