ပူတာအို မေ ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ယမန်နေ့ညနေ(၄)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)ခန်းမ၌ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)၊အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို)တို့တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး စားသောက် ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က လာတ်တလောလမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့်ဝန်ထမ်းများနေထိုင်စားသောက်မှုအခက်အခဲမဖြစ်ပေါ်စေရေးအတွက် တတ်နိုင်သည့်ဘက်မှလာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ သင်ကြားရေးတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရမည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်ဖြင့်ပြည့်ဝသောလူငယ်များကို မွေးထုတ်ပေးနိုင်ရေး အလေးထားလုပ်ဆောင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်က ကျောင်းဆိုင်ရာအချက်အလက်များနှင့် ကျောင်းနှင့်သင်ကြားရေးဆိုင်ရာလိုအပ်ချက်များကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)တို့တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများနှင့်ဝန်ထမ်းစုစုပေါင်း (၆၃) ဦးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းငါးမျိုးပါ ကုန်ပစ္စည်းများကိုထောက်ပံ့ပေးအပ်ရာ ဌာနခွဲအလိုက် တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများလိုက်ပါလျက် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင်စတင်၍ ဖွင့်လှစ်သင်ကြားတော့မည့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ပြီး စာသင်ခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာကြီးက စာသင်ခန်းနှင့်သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် သင်ကြားရေးဆိုင်ရာလိုအပ်ချက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)