ရွှေကူမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် (၁/၂၀၂၄) အခြေခံအဆင့် ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေး​ဟောင်းသမိုင်းဝင် ​​ရွှေဘိုမော်​ဓေါမြင်သာမြို့​ထောင့်​စေတီ​တော်ဘုရားကြီး ​ရွှေသင်္ကန်းကပ်လှူ ပူ​ဇော်ခြင်း အလှူ​ငွေ​ပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​ ​ရွှေဘိုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ၊ မော်ဓောမြင်သာမြို့ထောင့်စေတီတော်ဘုရား အရှေ့ဘက်မုဒ်ဦး အာရုံခံဓမ္မာရုံ၌ လုံးတော်ပြည့် ကြေးပြားခံ ရွှေသင်္ဃန်းကပ်လှူ ပူဇော်ခြင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပခန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဝိဿုတနှင့်ပင့်သံဃာတော် ၁၀ ပါး၊ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ၊စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်အောင်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး အောင်ရာဇာဖြိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စေတီတော်ဘုရား ဂေါပကအဖွဲ့ဒုဥက္ကဋ္ဌ ဦးအောင်ကြီးနှင့်အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖအဖွဲ့များ၊ဖိတ်ကြားထားသော အလှူရှင်များ စုစုပေါင်း ၇၀ ဦးခန့်တက်ရောက်ခဲ့သည်။

မိုးညှင်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်နှင့် ဆုရရှိကြသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပသည်။

နောင်မွန်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကြက်‌ခြေနီနေ့အထိမ်းအမှတ် သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ထလမ်ရာဇီခန်းမ၌ကျင်းပသည်။

ညောင်လေးပင်မြို့နယ်တွင် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်တွင် ခရိုင်အဆင့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ညောင်လေးပင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

မုဒုံမြို့၌ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်နိုင်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် အခြေခံပညာအထက်တန်းကျောင်းများတွင် သင်ကြားပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ "ပန်းခင်းစီမံချက်(၃)"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သောက်သုံးရေများဖြန့်ဝေပေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ အစီအစဥ်ဖြင့် လတ်တလောအပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေလိုအပ်လျက်ရှိသည့် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ရန်ကုန်တောင်ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများမှ ယမန်နေ့ နေ့လည်ပိုင်းက သောက်သုံးရေများ လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။

ကော့မှူးမြို့တွင် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းမှန်ကန်နိုင်ရေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး တတိယအကြိမ်ပုံစံ(က)မူကြမ်း မှန်ကန်နိုင်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to