ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရားတို့ကို ဖူးမြှော်လေ့လာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်က ရဘုရားများ ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်၍ ဖူးမြှော်ကြပြီး စုရပ်အသီးသီးသို့ပြန် လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်သည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် အ.ထ.က(မြို့မ)၌ နွေရာသီအင်္ဂလိပ်စာ 4 Skills သင်တန်း ဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ စွမ်းရည်မြင့်မားတိုးတက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချ တတ်စေရန်အတွက် နွေရာသီအင်္ဂလိပ်စာ 4 Skills သင်တန်းကို မေလ ၁ ရက်နေ့က အ.ထ.က(မြို့မ)ကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၄)တက်ရောက်

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ‌ကျောင်းသူ များအား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တောင်သူ များအတွက် အထူးအထွက်တိုးမျိုးစပါးများ ထောက်ပံ့ပေးအပ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ဧပြီလ ၂၉ ရက် နံနက် ၈ နာရီက မချမ်းဘော မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂ဝ၂၄)” အခမ်းအနားတက်ရောက်

“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂ဝ၂၄)”အခမ်းအနားကို ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့အထွေထွေ ရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး များနှင့်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်သည်။

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးဖြစ်၍ ကုန်သွယ်မှု ဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားအား ယမန်နေ့ နံနက် ၈ နာရီခွဲက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီးဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုများ နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲက  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။
Subscribe to