မုဒုံ မေ ၁
၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် မြေမီးသတ်စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာစိုက်ထူးခြင်းကို ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များက (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်ပိုစတာအား စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်တွင် မီးသတ်ဦးစီးဌာန၏ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဥ်များ၊ သဘာဝဘေး ကယ်ဆယ်ရေးဆောင်ရွက်ချက် လုပ်ငန်းစဥ်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စဥ် ဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းစဥ် ဆောင်ရွက်ချက်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ချက်တို့ကို အတိုချုံးထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)