ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ (၁၀)လမ်းထိပ်နှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အခွန်လွတ်စျေးတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။