ဧကာဒမတန်း၊လူရည်ချွန်စခန်း( ငွေဆောင်)၌ စခန်းပိတ်သိမ်းပွဲအခမ်းအနားကျင်းပ

ငွေဆောင်  မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်၌ ဖွင့်လှစ်ထားသော ၂၀၂၄ခု နှစ်၊ ဧကာဒသမတန်း၊ လူရည်ချွန်စခန်း(ငွေဆောင်)ပိတ်သိမ်းပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ယမုံနာဦး ဟိုတယ်ရှေ့ကမ်းခြေ၌ ကျင်းပခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ​ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စခန်းသိမ်းပွဲကျင်းပမည့် ယမုံနာဦးဟိုတယ်ရှေ့ပင်လယ်ကမ်းခြေတွင် လူရည်ချွန်မောင်မယ်များမှ နေရာယူခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှအမှာစကား ပြောကြားကာ ထင်းမီးပုံအား မီးညှိ၍ မီးပုံပွဲစတင်ကျင်းပခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  ဧည့်သည်တော်များက လူရည်ချွန် မောင်မယ်များနှင့်အတူ မီးပုံပွဲ၌   ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး၊ ငွေဆောင်ဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းနှင့် ရွှေငုံးမင်းကုမ္မဏီတို့မှ လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များက တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မိမိတို့အဖွဲ့ကိုယ်စီဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များကို ဖျော်ဖြေခဲ့ကြသည်။ လူရည်ချွန် မောင်မယ်များ၏  ဖျော်ဖြေမှုအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စခန်းပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး လူရည်ချွန် မောင်မယ်များနှင့် ဆရာ၊ဆရာမများက မြနန္ဒာသီချင်းဖြင့် စုပေါင်းကခုန်ကာမီးရှူးမီးပန်းများ လွှတ်တင်၍အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)